စစ်ကောင်စီစစ်တပ် ကြောထောက်နောက်ခံယူထားသော ရှမ်းနီအမျိုးသားတပ် (Shanni National Army) သည် အင်းတော်ကြီးဒေသသို့ ဝင်ရောက်လာပြီး မိုင်းနောင်ရွာ၊ မမုံကိုင်ရွာ၊ နန့်မွန်းနှင့် အနီးတဝိုက်ဒေသများ၌ နေထိုင်သော ကချင်လူမျိုး ၁၄ ယောက်အား အကြောင်းမဲ့ သတ်ဖြတ်မှုကို သိရှိရပါသည်။ ရှမ်းနီအမျိုးသားတပ် (SNA)သည် အင်းတော်ကြီးဒေသ၌ နေထိုင်သော ကချင်လူမျိုးများအား ရှင်းလင်းသတ်ဖြတ်မည်ဟုကြုံးဝါးကာ ဝင်ရောက်လာကြောင်း ကြားသိရပါသည်။
ကချင်နှင့်ရှမ်းနီလူမျိုးများသည် ရန်သူများမဟုတ်ကြပါ ကချင်ပြည်အတွင်း၌ အတူအကွယှဉ်တွဲနေထိုင်ကြသော အဖိနှိပ်ခံလူတန်းစားများသာ ဖြစ်ကြပါသည်။ အရင်က ဖြစ်ပျက်ခဲ့သော သင်ခန်းစာအချို့အား ကြည့်မည်ဆိုပါက ဗမာစစ်တပ်သည် လူမျိုးရေးပြသာနာ ဖန်တီးကာ တိုင်းရင်းသားအချင်းချင်းသတ်ဖြတ်မှု ဖြစ်ပွားအောင်ပြုလုပ်ခဲ့ပါသည်။ ယခုလဲပဲ စစ်တပ်သည် ကချင်နှင့်ရှမ်းနီကြား လူမျိုးရေးပြသာနာ ဖြစ်ပွားလာအောင် နောက်ကွယ်မှ မီးမွှေးပေးနေပါသည်။
အလားတူ ၁၉၇၅ ခုနှစ်၌ ရှမ်းနီပြည်သူ့စစ်များသည် မိုးညင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ အပြစ်မဲ့ ကချင်ပြည်သူများအား သတ်ဖြတ်မှုကျူးလွန်ခဲ့ကြပါသည်။
ယခုဖြစ်ပျက်ခဲ့သည့် သတ်ဖြတ်မှုကို SNA တပ်သားနှင့် ခေါင်းဆောင်များ ကျူးလွန်မှုအပေါ်တာဝန်ခံပေးရန်နှင့် အသတ်ခံရသူများအတွက် တရားမျှတမှုရရှိအောင်ဆောင်ရွက်ပေးရမည်။ ယခုလိုမျိုး ထပ်မံသတ်ဖြတ်မှုမဖြစ်ပွားအောင် အချင်းချင်းဝိုင်းဝန်းအဖြေရှာသင့်ပါသည်။ ယခုကဲ့သို့ SNA မှ အင်းတော်ကြီးဒေသ၌ နေထိုင်သော အပြစ်မဲ့ ကချင်လူမျိုးများအား သတ်ဖြစ်ခြင်း အပေါ် မိမိတို့ “ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်သမဂ္ဂ (AKSYU)” မှ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုံ့ချလိုက်ပါသည်။

