World Environment Day

“အပြည်ပြည်ဆိုင်ရာ သဘာ၀ပတ်၀န်းကျင်” နေ့ကို မိမိတို့ အဖွဲ့အစည်းမှ ကြိုဆိုပါသည်။ ယနေ့ မိမိတို့ နေထိုင်ရာ ပတ်၀န်းကျင်သည် တစ်နေ့ထက်တစ်နေ့ ပိုမိုအန္တရာယ်ရှိလာသော နယ်မြေတစ်ခု ဖြစ်လာပါသည်။
ကချင်ပြည်နယ်သည် စိမ်းလမ်းစိုပြေပြီး  သဘာဝသယံဇာတများပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ သို့သော်  သဘာဝသယံဇာသများကို အလွန်အကျွံတူးဖော်ခြင်းကြောင့် ရာသီဥတု ဖောက်ပြန်ခြင်း၊ အချိန်အခါမဟုတ် ရေကြီးရေလျံမှုများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဒဏ် အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ဤသို့ ဖြစ်ရခြင်းသည် မိမိတို့နယ်မြေကို ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်ခြင်းကြောင့် ပျက်စီးဆုံးရှုံးနေရသည်။ ထို့ကြောင့် ယနေ့ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ သဘာ၀ပတ်၀န်းကျင်”နေ့တွင် မိမိတို့၏ တန်ဖိုးရှိသည့် သဘာဝအရင်းအမြစ်များကို မိမိတို့အားလုံးအတူတကွ ပူးပေါင်းပါဝင်  ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါသည်။

© 2024 – www.aksyu.org – All Rights Reserved.