၂၀၂၄ ခုနှစ်ပိုင်းမှစတင်ကာ တအောင်ပလောင် TNLA သည် မြောက်ပိုင်းရှမ်ပြည်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ ဂိတ်စခန်းများအား အတင်းအဓ္ဓမ လာရောက်ဖျက်သိမ်းခြင်း တပ်အင်းအားသုံးဖိအားပေးပြောင်းရွှေ့ခိုင်းခြင်းများ ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါသည်။ ယခု ၂၀၂၅ နှစ်ဦးပိုင်းလများတွင်လည်း တပ်အင်အားသုံးဖိအားပေး တပ်ပြောင်းရွှေ့ခိုင်းခြင်းဆက်တိုက်ပြုလုပ်ရာ ကချင်လွတ်လပ်ရေးတပ်မတော် KIA မှသဘောမတူသဖြင့်  TNLA မှ တပ်အင်အား ၃၀၀၊ ၄၀၀ အသုံးပြုကာ KIA ရှေ့တန်း တပ်စခန်းစစ်သည်များအား တုတ်ဖြင့် ဝိုင်းရိုက်သဖြင့် KIA တပ်သားများ ပြင်းထန်ဒဏ်ရာစွာရရှိကာ ဆေးရုံ၌  ကုသခံယူရသည့်အထိဖြစ်ခဲ့ပါသည်။ ထို့အပြင် အလားတူ KIA  ရှေ့တန်းတပ်စခန်း တနေရာမှ KIA  တပ်သားတစ်ဦးအား TNLA  တပ်သား ၃၀ ဝန်းကျင်မှ ဝိုင်းထိုးကြိတ်ခြင်း၊ ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်၌လည်း ကွတ်ခိုင်မြို့အတွင်းရှိ KIO ဆက်ဆံရေးရုံးများအား အတင်းအဓ္ဓမပြောင်းရွှေ့ဖယ်ရှားရာ KIA တပ်းသားများအား TNLA တပ်မှ  ဝိုင်းထိုးကြိတ်မှုဖြစ်ပွားခြင်း၊ လာရောက်ဝိုင်းရံသော ကချင်လူထုအချို့ကိုလည်း ထိုးကြိတ်လိုက်ခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေတာ တွေ့ရပါသည်။
 သမိုင်းကြောင်းအရ ကချင်လူမျိုးများသည် ရှမ်းပြည်မြောက်ပိုင်း၌ နေထိုင်လာသည်မှာ နှစ်ပေါင်းမြောက်များစွာ ရှိခဲ့ပြီးဖြစ်ကာ ကချင် KIA တပ်သည် ကချင်တော်လှန်ရေးစတင်ကတည်းက တပ်စခန်းချနေထိုင်သောနေရာဖြစ်သည်။ TNLA တပ်မှ KIAတပ်နှင့်ကချင်လူထုအား ရိုက်နှက်မောင်းထုတ်ခြင်းအပေါ် ကချင်ကျောင်းသားနှင့်လူငယ်သမဂ္ဂမှ အောက်ပါအတိုင်းသဘောထားထုတ်ပြန်လိုက်ပါသည်။
 ၁။ မြောက်ပိုင်းရှမ်းပြည်၌ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးသည် ရှမ်း၊ ကချင်၊ ပလောင်နှင့် အခြားသော တိုင်းရင်းသားများအတွက် အကောင်းဆုံးဖြစ်ပါသည်။
 ၂။ ယခုအချိန်သည် စစ်အာဏာရှင်စစ်နစ်ဖြင့်အုပ်ချုပ်နေသော စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်ခြေမှုန်းရေးသာ အဓိကဖြစ်ပါသည်။
 ၃။ TNLA တပ်မှ အင်းအားအလွန်အကျွံသုံးကာ KIA တပ်သားများနှင့် ကချင်လူထုများအပေါ် ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်းနှင့် မောင်းထုတ်စော်ကားခြင်းအပေါ် “ကချင်ကျောင်းသားနှင့်လူငယ်သမဂ္ဂ” မှ ပြင်းထန်စွာရှုံ့ချကြောင်း သဘောထားထုတ်ပြန်လိုက်ပါသည်။
ဆက်သွယ်ရန်-
 Hting Nan   – Signal no. (+95) 9762130825 
 Elizabeth – Signal no. (+91) 8076311958


Pdf file download: https://docs.google.com/uc?export=download&id=1Zy0FWsrqv2gd9baeuZpoowFOiPFpQ1n0