“မြေငလျင်နှင့် ပတ်သက်၍” သဘောထားထုတ်ပြန်ခြင်း

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်တွင် ဖြစ်ပွားခဲ့သော Richter Scale ၇.၇ ပြင်းအားရှိ ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးမြို့၊ ရှမ်းပြည်နယ်နှင့်နေပြည်တော် အပါအဝင် အခြားဒေသများတွင် အသက်သေဆုံးထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများကို မိမိတို့ အဖွဲ့အစည်းမှ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများ ငလျင်ဘေးဒဏ်ခံရ အချိန်တွင်  လေကြောင်းတိုက်ခိုက်ခြင်း၊ လူငယ်များကို ဖမ်းဆီးခြင်း၊ နိုင်ငံတကာ သတင်းမီဒီယာများကို သတင်းရယူခွင့်ပိတ်ပင်ခြင်းများ ပြုလုပ်နေသည်။ ထိုသို့ပြုလုပ်နေမှုအပေါ်တွင် ကျွန်ုပ်တို့ “ကချင်တစ်မျိုးသားလုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်သမဂ္ဂ (AKSYU)”မှ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်လိုက်ပါသည်။

Pdf file download: https://docs.google.com/uc?export=download&id=1xdNWHQgAzdZQT6iXber5J-JIYVOqusTz

© 2024 – www.aksyu.org – All Rights Reserved.