ဗန်းမော်မြို့ဧရာ၀တီမြစ်တစ်ဖက်ကမ်း၊ကောင်ဂျာကျေးရွာရှိဗန်းမော်စစ်ဘေးရှောင်ပြည်သူများလေကြောင်းတိုက်ခိုက်မှုအပေါ်သဘောထားထုတ်ပြန်ချက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဧရာ၀တီမြစ်တစ်ဖက်ကမ်း၊ ကောင်ဂျာကျေးရွာရှိ ဗန်းမော်စစ်ဘေးရှောင်ပြည်သူများ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ (၄) နာရီအချိန်ခန့် ဆုတောင်းဝတ်ပြုနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် (၄) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ဤကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ (၁၈) ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ကလေးငယ်များအပါအဝင် (၃၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခု တိုက်ခိုက်ခံရသည့်နေရာသည် ပြည်သူများ နာရေးဆုတောင်းပွဲ ပြုလုပ်နေသည့် နေရာဖြစ်ပြီး၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာတစ်ခု ဖြစ်ပါသည်အာ။ဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းများနှင့် ဘာသာရေးအဆောက်အဦးများကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်မှုသည် (၅) ကြိမ်ထက်မနည်း ရှိလာပြီဖြစ်ပါသည်။

စစ်ကောင်စီတပ်၏ ဤလုပ်ရပ်သည် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) နှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး၊ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်နေပါသည်။

ထို့ကြောင့် စစ်ကောင်စီ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု များအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လေယာဉ်ဆီတင်သွင်းခွင့် ပိတ်ပင်ခြင်းနှင့် ထိရောက်သော အရေးယူမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးပါရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။ စစ်ကောင်စီ၏ လူမဆန်သော ဤအကြမ်းဖက်လုပ်ရပ်ကို မိမိတို့အဖွဲ့အစည်း “ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်သမဂ္ဂ” မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။

© 2024 – www.aksyu.org – All Rights Reserved.